YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 95:8-11

ဆာလံကျမ်း 95:8-11 MSBU

မေရိဘ​အရပ်​၌​ကဲ့သို့​လည်းကောင်း​၊ တောကန္တာရ​ရှိ မဿာ​အရပ်​၌​ရှိ​စဉ်က​ကဲ့သို့​လည်းကောင်း သင်​တို့​၏​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်​။ ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ​ပြု​သော အမှု​ကို မြင်​လျက်ပင် ငါ့​ကို​စမ်းသပ်​၍​စစ်ဆေး​ခဲ့​ကြ​၏​။ ငါ​သည် အနှစ်​လေးဆယ်​အတွင်း ထို​မျိုးဆက်​ကို​စက်ဆုပ်​၍ “​သူ​တို့​သည် စိတ်သဘော​မှားယွင်း​သော​လူမျိုး​ဖြစ်​ကြ​၏​။ ငါ​၏​လမ်း​တို့​ကို​လည်း မ​သိ​ကြ​”​ဟု ဆို​၏​။ ထို့ကြောင့် “​သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်​”​ဟု အမျက်​တော်​ဖြင့် ငါ​ကျိန်ဆို​၏​။