YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 9:7-11

ဆာလံကျမ်း 9:7-11 MSBU

ထာဝရဘုရား​မူကား အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။ ကိုယ်တော်​သည် တရားစီရင်ခြင်း​အတွက် မိမိ​ပလ္လင်​တော်​ကို​တည်​တော်မူ​ပြီ​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​စွာ​တရားစီရင်​၍ လူမျိုး​အပေါင်း​တို့​ကို သမာသမတ်​ရှိ​စွာ​စစ်ကြောစီရင်​တော်မူ​၏​။ ထာဝရဘုရား​သည် ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​ခိုကိုး​ရာ​၊ ဘေးဒုက္ခ​ရောက်​ချိန်​၌ ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို​သိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​အား စွန့်ပစ်​တော်​မ​မူ​ပါ​။ ဇိအုန်​၌​စိုးစံ​တော်မူ​သော​ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​ပြု​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အလယ်​၌ ပြောကြား​ကြ​လော့​။