YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 62:1-5

ဆာလံကျမ်း 62:1-5 MSBU

ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ ငါ့​ကို​ကယ်တင်​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။ ကိုယ်တော်​သာလျှင် ငါ​၏​ကျောက်ဆောင်​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် လွန်စွာ​တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။ သင်​တို့​သည် မည်မျှ​ကြာ​အောင် လူ​ကို​ပြင်းထန်​စွာ​တိုက်ခိုက်​ကြ​မည်နည်း​။ သင်​တို့​အားလုံး​သည် တိမ်းစောင်း​နေ​သော​နံရံ​နှင့် လှုပ်နဲ့​နေ​သော​ခြံစည်းရိုး​ကဲ့သို့​သော​သူ​ကို သတ်ဖြတ်​ကြ​မည်​လော​။ ထို​သူ​ကို မြင့်​သော​သူ​၏​ရာထူး​မှ ဆွဲချ​ရန်​သာ သူ​တို့​လျှို့ဝှက်ကြံစည်​ကြ​၏​။ သူ​တို့​သည် လိမ်လည်ခြင်း​ကို​နှစ်သက်​ကြ​၏​။ သူ​တို့​နှုတ်​ဖြင့် ကောင်းချီးပေး​ကြ​သော်လည်း သူ​တို့​စိတ်​ထဲ၌ ကျိန်ဆဲ​ကြ​၏​။ (​စေလာ ) ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ အကြောင်းမူကား ငါ​၏​မျှော်လင့်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။