YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 61

61
ဘုရားသခင်၌ ငြိမ်သက်ချမ်းသာမှုခံစားရခြင်း
ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​ဖြင့်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို နားညောင်း​တော်မူ​ပါ​။
အကျွန်ုပ်​၏​ဆုတောင်းချက်​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။
2အကျွန်ုပ်​သည် စိတ်နှလုံး​ညှိုးငယ်​သောအခါ ကိုယ်တော်​ကို ကမ္ဘာမြေကြီး​အစွန်း​မှ ခေါ်​ပါ​၏​။
အကျွန်ုပ်​ထက်​မြင့်မား​သော​ကျောက်ဆောင်​ပေါ်သို့ အကျွန်ုပ်​ကို​ပို့ဆောင်​တော်မူ​ပါ​။
3အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​၊
ရန်သူ့​ရှေ့​မှာ ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​၏​။
4ကိုယ်တော်​၏​တဲ​တော်​၌​အစဉ်အမြဲ​နေထိုင်​၍
ကိုယ်တော်​၏​အတောင်​တော်​ကွယ်ကာ​ရာ​အရပ်​၌ ခိုလှုံခွင့်​ပေး​တော်မူ​ပါ​။(​စေလာ#61:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကတိသစ္စာ​စကား​များ​ကို ကြား​တော်မူ​၍
ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​သော​သူ​တို့​ဆက်ခံ​ရ​သည့်​အမွေ​ကို အကျွန်ုပ်​အား ပေး​တော်မူ​ပြီ​။
6ရှင်ဘုရင်​၏​နေ့ရက်​များ​ကို ထပ်၍​တိုးပေး​တော်မူ​ပါ​။
သူ​၏​နှစ်ကာလ​တို့​ကို​လည်း မျိုးဆက်​အစဉ်အဆက် တည်​စေ​တော်မူ​ပါ​။
7သူ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အစဉ်အမြဲ​စိုးစံ​ပါစေသော​။
မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် သူ့​ကို​ကာကွယ်​စောင့်ရှောက်​မည့်​အကြောင်း စီရင်​တော်မူ​ပါ​။
8သို့ဖြစ်၍ အကျွန်ုပ်​သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေရန်
ကိုယ်တော်​၏​နာမ​တော်​ကို ထာဝစဉ်​သီဆိုချီးမွမ်း​ပါ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 61: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ