အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။ အကျွန်ုပ်ကို ကိုယ်တော်၏ရှေ့မှောက်မှ နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အကျွန်ုပ်ထံမှရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော ရွှင်မြူးခြင်းကို အကျွန်ုပ်အား ပြန်လည်ခံစားစေ၍ စေတနာထက်သန်သောဝိညာဉ်တော်ဖြင့် အကျွန်ုပ်ကို ထောက်မတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သောသူတို့အား ကိုယ်တော်၏လမ်းတို့ကိုသင်ကြားပေးပါမည်။ အပြစ်သားတို့သည်လည်း ကိုယ်တော်ထံ ပြန်လာကြပါလိမ့်မည်။ အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။ အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။ ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။
ဆာလံကျမ်း 51 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 51
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 51:10-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ