YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 46:1-7

ဆာလံကျမ်း 46:1-7 MSBU

ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​နှင့် အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ အမှန်တကယ်​တွေ့​ရ​သည့် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ထို့ကြောင့် မြေကြီး​သည် ပြောင်းလဲ​သွား​၍ တောင်​များ​သည် သမုဒ္ဒရာ​၏​အလယ်ဗဟို​သို့ ရွေ့သွား​ကြ​လျှင်ပင်​လည်းကောင်း​၊ ထို​သမုဒ္ဒရာ​၏​ရေ​တို့​သည် ဟုန်းဟုန်းမြည်​လျက် ပွက်ပွက်ထ​ကာ တစ်ဟုန်ထိုး​တက်လာ​၍ တောင်​များ​တုန်ခါ​ကြ​လျှင်ပင်​လည်းကောင်း ငါ​တို့​သည် ကြောက်ရွံ့​ကြ​မည်​မ​ဟုတ်​။ (​စေလာ ) မြစ်​တစ်​မြစ်​ရှိ​၏​။ ၎င်း​၏​ရေစီးကြောင်း​တို့​သည် အမြင့်ဆုံး​သော​အရှင်​၏ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တည်းဟူသော ဘုရားသခင်​၏​မြို့​တော်​ကို ဝမ်းမြောက်​စေ​၏​။ ဘုရားသခင်​သည် ထို​မြို့​တော်​အလယ်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ထို​မြို့​တော်​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ နံနက်အချိန်​ရောက်​သောအခါ ဘုရားသခင်​သည် ထို​မြို့​တော်​ကို​ကူညီမစ​တော်မူ​လိမ့်မည်​။ လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ (​စေလာ )