YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 4

4
ညအချိန်ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​များ​ဖြင့်​၊ ဒါဝိဒ်​၏​ဆာလံ
1အကျွန်ုပ်​ကို​ဖြောင့်မတ်​စေ​တော်မူ​သော ဘုရားသခင်​၊
အကျွန်ုပ်​ခေါ်​သောအခါ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။
အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​ပေး​တော်မူ​ပါ​ပြီ​။
အကျွန်ုပ်​ကို​သနား​၍ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။
2အချင်း​လူသား​တို့​၊ ငါ​၏​ဘုန်းအသရေ​ကို​မည်မျှ​ကြာ​အောင် ရှုတ်ချ​ကြ​မည်နည်း​။
မည်သည့်​အချိန်​အထိ အချည်းနှီး​သော​အရာ​ကို​နှစ်သက်​၍ လိမ်လည်​ခြင်း​ကို​လိုက်ရှာ​ကြ​မည်နည်း​။(​စေလာ#4:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3ထာဝရဘုရား​သည် သန့်ရှင်း​သူ​ကို မိမိ​အတွက် သီးသန့်ခွဲ​ထား​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။
ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​၏​။
4အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်​။
သင်​တို့​အိပ်ရာ​ပေါ်တွင် သင်​တို့​စိတ်နှလုံး​၌​စဉ်းစားဆင်ခြင်​လျက် တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။(​စေလာ#4:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ဖြောင့်မတ်​ခြင်း​ယဇ်​များ​ကို​ပူဇော်​၍
ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ကြ​လော့​။
6များစွာ​သော​သူ​တို့​က “​ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​အား​မည်သူ​ပြ​နိုင်​မည်နည်း​”​ဟု ပြောဆို​ကြ​ပါ​၏​။
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို အကျွန်ုပ်​တို့​အပေါ် ထွန်းလင်း​စေ​တော်မူ​ပါ​။
7အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ပေး​တော်မူ​သော​ဝမ်းမြောက်​ခြင်း​သည် သူ​တို့​၏​ကောက်ပဲသီးနှံ​နှင့်
စပျစ်ဝိုင်​အသစ်​ပေါများ​သော​အချိန်​တွင် သူ​တို့​၌​ရှိ​သော​ဝမ်းမြောက်​ခြင်း​ထက် သာလွန်​ပါ​၏​။
8အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​လဲလျောင်း​၍ အိပ်ပျော်​ပါ​မည်​။ အကြောင်းမူကား အို ထာဝရဘုရား​၊
ကိုယ်တော်​တစ်ပါးတည်း​သာလျှင် အကျွန်ုပ်​အား ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။