YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 27:1-5

ဆာလံကျမ်း 27:1-5 MSBU

ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။ ငါ့​ကို​ရန်ဖက်ပြု​သော​သူ​များ​နှင့် ငါ​၏​ရန်သူ​များ​ဖြစ်​ကြ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ငါ့​အသား​ကို​ကိုက်စား​ရန် ငါ့​ထံသို့​ချဉ်းကပ်​လာ​ကြ​သောအခါ ခလုတ်တိုက်​၍​လဲကျ​ကြ​လိမ့်မည်​။ တပ်​တစ်​တပ်​သည် ငါ့​တစ်ဖက်​၌​စခန်းချ​ထား​လျှင်လည်း ငါ့​စိတ်နှလုံး​သည်​ကြောက်​လိမ့်မည်​မ​ဟုတ်​။ ငါ့​ကို​တိုက်ခိုက်​သည့်​စစ်ပွဲ​ဖြစ်ပွား​လျှင်လည်း ထို​စစ်ပွဲ​တွင် ငါ​ရဲရင့်တည်ကြည်​လိမ့်မည်​။ ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန် ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။ အကြောင်းမူကား ဒုက္ခ​ရောက်​သော​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​ကိန်းအောင်း​ရာ​အရပ်​၌ ငါ့​ကို​ဝှက်​ထား​တော်မူ​လိမ့်မည်​။ ကိုယ်တော်​၏​တဲ​တော်​၌​ရှိ​သည့် ကွယ်ကာ​ရာ​အရပ်​၌ ငါ့​ကို​ဖုံးကွယ်​ထား​၍ ကျောက်ဆောင်​ပေါ်၌ ငါ့​ကို​ဆွဲတင်​တော်မူ​လိမ့်မည်​။

​ဆာလံကျမ်း 27:1-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။