YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 25:1-5

ဆာလံကျမ်း 25:1-5 MSBU

အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အပေါ် အောင်ပွဲ​မ​ခံ​ကြ​ရ​ပါစေ​နှင့်​။ အကယ်စင်စစ် ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အကြောင်းမဲ့ သစ္စာဖောက်​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​တို့​ကို အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။ ကိုယ်တော်​၏​သမ္မာတရား​ထဲ၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​၍ အကျွန်ုပ်​ကို သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​စောင့်မျှော်​ပါ​၏​။