YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 18:46-50

ဆာလံကျမ်း 18:46-50 MSBU

ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။ ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။ ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။ ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။