အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကိုနားညောင်း၍ အကျွန်ုပ်၏အသနားခံခြင်းကို စူးစိုက်နားထောင်တော်မူပါ။ ကိုယ်တော်၏သစ္စာတော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း အကျွန်ုပ်ကိုထူးတော်မူပါ။ ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။ အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။ သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အထဲ၌ တုန်လှုပ်ချောက်ချားလျက်ရှိပါ၏။ အကျွန်ုပ်သည် လွန်ခဲ့သောနေ့ရက်များကို သတိရလျက် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်ရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာများကို အကျွန်ုပ်တွေးတောဆင်ခြင်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်လက်ကိုဆန့်ပါ၏။ မွတ်သိပ်သောမြေကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။ (စေလာ ) အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အကျွန်ုပ်အားကြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သွားရမည့်လမ်းကို အကျွန်ုပ်အား သိစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၌ခိုလှုံပါ၏။ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်နိုင်ရန် အကျွန်ုပ်ကိုသင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာသောမြေပြင်ပေါ်မှာ ပို့ဆောင်တော်မူပါစေသော။ အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဆင်းရဲဒုက္ခထဲမှ ထုတ်ဆောင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး ဖြစ်သောကြောင့် ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်၏ရန်သူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရန်ဖက်ပြုသောသူအားလုံးကိုလည်း ဖျက်ဆီးတော်မူပါ။
ဆာလံကျမ်း 143 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 143
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 143:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို