YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 130

130
ထာဝရဘုရား၏ရွေးနုတ်ကယ်တင်ခြင်း
အတက်လမ်း​သီချင်း
1အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် နက်ရှိုင်း​ရာ​နေရာ​မှ
ကိုယ်တော်​ကို​ခေါ်​ပါ​၏​။
2အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။
အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။
3အို ဘုရားရှင်​ထာဝရဘုရား​၊
ကိုယ်တော်​သည် ဒုစရိုက်​များ​ကို မှတ်​ထား​တော်မူ​လျှင် မည်သူ​သည်​ခံရပ်​နိုင်​ပါ​မည်နည်း​။
4သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့်
လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။
5ငါ​သည် ထာဝရဘုရား​ကို စောင့်မျှော်​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် စောင့်မျှော်​၏​။
ငါ​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​၏​။
6ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက်
အကယ်စင်စစ် ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက်
ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားရှင်​ကို စောင့်မျှော်​၏​။
7အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။
အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။
ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။
8ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို
သူ​တို့​၏​ဒုစရိုက်​ရှိသမျှ​တို့​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 130: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။