YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 124

124
ငါတို့ဘက်၌ရှိတော်မူသောထာဝရဘုရား
ဒါဝိဒ်​၏​အတက်လမ်း​သီချင်း
1“​ထာဝရဘုရား​သည် ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​”​ဟု အစချီ​၍
အစ္စရေး​လူမျိုး​တို့​ဆို​ကြ​ရ​မည်​မှာ
2“​ထာဝရဘုရား​သည် ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်
လူ​တို့​သည် ငါ​တို့​ကို​ဆန့်ကျင်​လျက် ထကြွ​စဉ်က
3ငါ​တို့​ကို အရှင်လတ်လတ်​ဝါးမျို​ခဲ့​ကြ​ပေ​လိမ့်မည်​။
သူ​တို့​သည် ငါ​တို့​အပေါ် အမျက်ထွက်​စဉ်က
4ရေ​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက် ရေစီးကြောင်း​သည်
ငါ​တို့​၏​စိတ်ဝိညာဉ်​ကို ဖြတ်ကျော်​သွား​ခဲ့​ပေ​လိမ့်မည်​။
5အဟုန်ပြင်း​သော​ရေ​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​ကို
ဖြတ်ကျော်​သွား​ခဲ့​ပေ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။
6သူ​တို့​၏​သွား​အတွက် သားကောင်​အဖြစ်
ငါ​တို့​ကို​အပ်​တော်​မ​မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။
7ငါ​တို့​၏​စိတ်ဝိညာဉ်​သည် မုဆိုး​တို့​၏​ကျော့ကွင်း​မှ
လွတ်မြောက်​သော​ငှက်​ကဲ့သို့ လွတ်မြောက်​လေ​ပြီ​။
ကျော့ကွင်း​ပြတ်​၍ ငါ​တို့​လွတ်မြောက်​ကြ​လေ​ပြီ​။
8ငါ​တို့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည်
ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏​နာမ​တော်​၌​တည်ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 124: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ