YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 105:17-22

ဆာလံကျမ်း 105:17-22 MSBU

ကိုယ်တော်​သည် ကျွန်​အဖြစ်​ရောင်းစား​ခြင်း​ခံရ​သူ ယောသပ်​ကို သူ​တို့​ရှေ့​မှ​စေလွှတ်​တော်မူ​၏​။ လူ​တို့​သည် သူ​၏​ခြေ​ကို ခြေချင်း​နှင့်​နာကျင်​စေ​ကြ​၏​။ သူ​၏​လည်ပင်း​တွင်​လည်း သံလည်ပတ်​ကို တပ်​ကြ​၏​။ သူ​၏​စကား​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် သူ့​ကို​စစ်ကြော​တော်မူ​၏​။ ရှင်ဘုရင်​သည် လူ​ကို​စေလွှတ်​၍ သူ့​ကို​လွှတ်ပေး​၏​။ လူ​တို့​ကို​အုပ်စိုး​သူ​သည် သူ့​ကို​ချမ်းသာ​ခွင့်​ပေး​၍ မိမိ​၏​နန်းတော်​တွင် သခင်​အဖြစ်​လည်းကောင်း​၊ မိမိ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို အုပ်စိုး​သူ​အဖြစ်​လည်းကောင်း သူ့​ကို​ခန့်ထား​၏​။ ထိုသို့​ခန့်ထား​ခြင်း​မှာ မိမိ​၏​အကြီးအကဲ​တို့​ကို သူ​၏​စိတ်ဆန္ဒ​အတိုင်း ဆုံးမ​စေရန်​နှင့် မိမိ​၏​သက်ကြီးဝါကြီး​တို့​ကို ဉာဏ်ပညာရှိ​စေရန် အတွက်​ဖြစ်​၏​။