YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 101

101
တည်ကြည်မှုရှိမည့်အကြောင်းသစ္စာဆိုခြင်း
ဒါဝိဒ်​၏​ဆာလံ
1အကျွန်ုပ်​သည် မေတ္တာကရုဏာ​တော်​နှင့် တရားမျှတ​တော်မူ​ခြင်း​အကြောင်း​ကို သီကျူး​ပါ​မည်​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။
2စုံလင်​သော​တရားလမ်း​ကို ဂရုပြု​ပါ​မည်​။
ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ မည်သည့်​အချိန်​မှ ကြွလာ​တော်မူ​မည်နည်း​။
အကျွန်ုပ်​သည် မိမိ​အိမ်​ထဲ​၌ တည်ကြည်​သော စိတ်နှလုံး​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ပါ​မည်​။
3ဆိုးညစ်​သော​အမှုအရာ​ကို အကျွန်ုပ်​မျက်မှောက်​မ​ပြု​ပါ​။
လမ်းလွဲ​သော​သူ​တို့​ပြု​သော​အမှု​ကို​လည်း အကျွန်ုပ်​မုန်း​သည်​ဖြစ်၍
အကျွန်ုပ်​ကို ငြိတွယ်​မည်​မ​ဟုတ်​ပါ​။
4ကောက်ကျစ်​သော​စိတ်နှလုံး​သည် အကျွန်ုပ်​ထံမှ ထွက်ခွာ​သွား​ရ​ပါ​လိမ့်မည်​။
အကျွန်ုပ်​သည် မကောင်းမှု​နှင့် ပတ်သက်​မည်​မ​ဟုတ်​ပါ​။
5မိမိ​၏​အိမ်နီးချင်း​ကို ကွယ်ရာ​တွင် မတရား​စွပ်စွဲ​ပြောဆို​သော​သူ​ကို
အကျွန်ုပ်​ဖယ်ရှားသုတ်သင်​ပါ​မည်​။ ဘဝင်မြင့်​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​ရှိ​သူ​ကို
အကျွန်ုပ်​သည်းခံ​မည်​မ​ဟုတ်​ပါ​။
6သစ္စာရှိ​သော​ပြည်သား​တို့​သည် အကျွန်ုပ်​နှင့်အတူ​နေထိုင်​ရ​မည့်​အကြောင်း
သူ​တို့​ကို​အကျွန်ုပ်​ကြည့်ရှု​ပါ​မည်​။ စုံလင်​သော​တရားလမ်း​၌ လျှောက်လှမ်း​သော​သူ​သည်
အကျွန်ုပ်​၏​အမှု​ကို ဆောင်ရွက်​ရ​ပါ​လိမ့်မည်​။
7လိမ်လည်ကောက်ကျစ်မှု​ကို​ပြု​သော​သူ​သည် အကျွန်ုပ်​၏​အိမ်​ထဲ​၌ နေထိုင်​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။
မုသား​ပြောဆို​သော​သူ​သည် အကျွန်ုပ်​၏​မျက်စိ​ရှေ့​တွင် ရပ်တည်​နိုင်​မည်​မ​ဟုတ်​ပါ​။
8အကျွန်ုပ်​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​ကို
ထာဝရဘုရား​၏​မြို့​တော်​မှ ပယ်ဖျက်​မည့်​အကြောင်း
ဆိုးယုတ်​သော​ပြည်သား​အပေါင်း​တို့​ကို နံနက်တိုင်း ဖယ်ရှားသုတ်သင်​ပါ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 101: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ