YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 10:1-11

ဆာလံကျမ်း 10:1-11 MSBU

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အဝေး​၌​ရပ်​နေ​တော်မူ​သနည်း​။ ဘေးဒုက္ခ​ရောက်​ချိန်​၌ အဘယ်ကြောင့် ပုန်းကွယ်​၍​နေ​တော်မူ​သနည်း​။ ဆိုးယုတ်​သော​သူ​သည် အဖိနှိပ်​ခံရ​သော​သူ​ကို မာန်မာန​ဖြင့် အပြင်းအထန်​လိုက်​တတ်​၏​။ သူ​တို့​သည် မိမိ​တို့​ကြံစည်​ထား​သည့် ကောက်ကျစ်​သော​အကြံအစည်​များ​ဖြင့် ပြန်​၍​ဖမ်းဆီး​ခြင်း​ခံရ​ကြ​ပါစေ​။ အကြောင်းမူကား ဆိုးယုတ်​သော​သူ​သည် မိမိ​စိတ်ဝိညာဉ်​၏​အလိုဆန္ဒ​များ​၌ ဂုဏ်ယူဝါကြွား​၍ လောဘကြီး​သော​သူ​သည် ထာဝရဘုရား​ကို​ကျိန်ဆဲ​လျက် မထီလေးစား​ပြု​၏​။ ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။ “​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။ သူ​၏​လမ်းခရီး​တို့​သည် အစဉ်အမြဲ​ချောမွေ့​နေ​တတ်​၏​။ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် သူ​နှင့်​အလှမ်းဝေး​သည့် မြင့်သောအရပ်​၌​ရှိ​၏​။ သူ​သည် မိမိ​ရန်သူ​ရှိသမျှ​တို့​ကို ပြောင်လှောင်​တတ်​၏​။ သူ​၏​စိတ်နှလုံး​ထဲ၌ “​ငါ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ မျိုးဆက်​အစဉ်အဆက် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​၏​။ သူ​၏​နှုတ်​သည် ကျိန်ဆဲ​ခြင်း​၊ လိမ်လည်လှည့်ဖြား​ခြင်း​၊ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​ပြည့်​လျက်​ရှိ​၏​။ သူ​၏​လျှာ​အောက်​၌ အခက်အခဲ​ပြဿနာ​နှင့် အပြစ်ဒုစရိုက်​ရှိ​၏​။ သူ​သည် ရွာ​များ​တွင် ချုံခိုတိုက်ခိုက်​ရန်​ထိုင်စောင့်​လျက် အပြစ်ကင်း​သော​သူ​ကို​ကွယ်​ရာ​၌ သတ်ဖြတ်​တတ်​၏​။ သူ​၏​မျက်လုံး​တို့​သည် ခိုကိုးရာမဲ့သောသူ​ကို ချောင်းမြောင်း​တတ်​၏​။ သူ​သည် ပုန်းအောင်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ကွယ်​ရာ​မှ ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို​ဖမ်းဆီး​ရန် ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို သူ​၏​ပိုက်ကွန်​ထဲသို့​ဆွဲယူ​ဖမ်းဆီး​တတ်​၏​။ သူ​သည် အင်အားကြီး​သောကြောင့် ခိုကိုးရာမဲ့​သော​သူ​တို့​သည် သူ​၏​ချေမှုန်း​ခြင်း​ကို​ခံရ​၍ ပြားပြားဝပ်​လျက်​ကျဆုံး​ကြ​၏​။ သူ​က “​ဘုရားသခင် မေ့လျော့​တော်မူ​ပြီ​။ မျက်နှာ​တော်​လွှဲ​၍ မည်သည့်​အခါ​မျှ မြင်​တော်​မ​မူ​”​ဟု စိတ်နှလုံး​ထဲ၌​ပြောဆို​တတ်​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။