ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။ ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။ ဖြောင့်မတ်စွာပြောဆိုသောသူသည် သစ္စာစကားကိုထွက်ဆိုတတ်၏။ မုသားသက်သေမူကား လိမ်လည်လှည့်ဖြားသောစကားကိုထွက်ဆိုတတ်၏။ ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။ မှန်ကန်သောနှုတ်ခမ်းသည် ထာဝစဉ်တည်မြဲ၏။ မုသားသုံးသောလျှာမူကား တစ်ခဏမျှသာတည်၏။ မကောင်းမှုကို တွေးတောကြံစည်သောသူတို့၏ စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားခြင်းရှိ၏။ ငြိမ်းချမ်းရေးအတွက် အားပေးလှုံ့ဆော်သောသူတို့၌ကား ဝမ်းမြောက်ခြင်းရှိ၏။ ဖြောင့်မတ်သောသူအပေါ် မည်သည့်အမင်္ဂလာမျှကျရောက်လိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား ဒုက္ခနှင့်ပြည့်ဝကြ၏။ မုသားနှုတ်ခမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သစ္စာရှိစွာပြုကျင့်သောသူတို့ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။ ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။ ဝီရိယရှိသောသူ၏လက်သည် အုပ်စိုးရလိမ့်မည်။ လုံ့လနည်းသောသူမူကား အတင်းအကျပ်စေခိုင်းခြင်းခံရလိမ့်မည်။ လူ၏စိတ်နှလုံးတွင်ရှိသောစိုးရိမ်ပူပန်ခြင်းသည် သူ့ကိုညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား သူ့ကိုဝမ်းမြောက်စေတတ်၏။ ဖြောင့်မတ်သောသူသည် မိမိ၏အိမ်နီးချင်းကို လမ်းပြတတ်၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား သူတို့ကိုပင် မှားယွင်းစေတတ်၏။ လုံ့လနည်းသောသူသည် မိမိလိုက်သောသားကောင်ကို ကင်၍မစားရ။ ဝီရိယရှိသောသူမူကား အဖိုးတန်သောစည်းစိမ်ဥစ္စာကိုရတတ်၏။ ဖြောင့်မတ်သောလမ်း၌အသက်ရှင်ခြင်းရှိ၍ ထိုလမ်းခရီးတစ်လျှောက်၌ သေခြင်းမရှိ။
သုတ္တံကျမ်း 12 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 12:15-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို