YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 2:5-13

ဖိလိပ္ပိသြဝါဒစာ 2:5-13 MSBU

ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍ မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။ ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍ နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။ သို့ဖြစ်၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အစဉ်​နာခံ​ခဲ့​ကြ​သည့်​အတိုင်း ငါ​၏​မျက်မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယခု ငါ​နှင့်​ဝေးကွာ​သည့်​အခါ​၌​လည်း ပို၍​နာခံ​လျက် ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​ဖြင့် မိမိ​တို့​၏​ကယ်တင်​ခြင်း​ကို အကောင်အထည်ဖော်​ကြ​လော့။ အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။

​ဖိလိပ္ပိသြဝါဒစာ 2:5-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။