YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 1:12-18

ဖိလိပ္ပိသြဝါဒစာ 1:12-18 MSBU

ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍ များစွာ​သော​ညီအစ်ကို​တို့​သည် ငါ​အချုပ်အနှောင်​ခံရ​ခြင်း​ကြောင့် သခင်​ဘုရား​၌ ယုံကြည်​စိတ်ချ​လျက် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်ကပတ်​တရား​ကို​ဟောပြော​ရန် ပိုမို​ရဲရင့်​လာ​ကြ​၏။ အချို့​တို့​သည် မလိုမုန်းထား​စိတ်​နှင့် ပဋိပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ အချို့​တို့​မူကား စေတနာ​စိတ်​ဖြင့် ဟောပြော​ကြ​၏။ စေတနာ​စိတ်​ဖြင့် ဟောပြော​သော​သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​သော​သူ​အဖြစ် ငါ့​ကို​ခန့်အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟောပြော​ကြ​၏။ အခြား​သော​သူ​တို့​မူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​၌ ဆင်းရဲ​ဒုက္ခ​ကို ပိုမို​များပြား​စေ​လို​သော​အကြံ​နှင့် ရိုးသား​သော​စိတ်​အားဖြင့်​မ​ဟုတ်​ဘဲ တုပြိုင်​လို​သော​စိတ်​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ဟန်ဆောင်​ပန်ဆောင်​ဖြစ်စေ၊ မှန်မှန်ကန်ကန်​ဖြစ်စေ မည်သည့်​နည်း​ဖြင့်​မဆို ခရစ်တော်​အကြောင်း​ကို ဟောပြော​သည်​ဖြစ်၍ ၎င်း​အတွက် ငါ​ဝမ်းမြောက်​၏။ ဆက်၍​လည်း ငါ​ဝမ်းမြောက်​ဦး​မည်။

​ဖိလိပ္ပိသြဝါဒစာ 1:12-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။