YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 1:1-11

ဖိလိပ္ပိသြဝါဒစာ 1:1-11 MSBU

ယေရှု​ခရစ်တော်​၏​အစေအပါး​များ​ဖြစ်​ကြ​သော ငါ​ပေါလု​နှင့်​တိမောသေ​တို့​သည် ဖိလိပ္ပိ​မြို့​၌​နေ​ကြ​သော ကြီးကြပ်​သူ​များ၊ သင်းထောက်​များ​နှင့်တကွ ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ ငါ​သည် သင်​တို့​ကို​သတိရ​သည့်​အခါ​တိုင်း ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​လျက် ငါ​ဆုတောင်း​သည့်​အခါ​တိုင်း သင်​တို့​အားလုံး​အတွက် ဝမ်းမြောက်​သော​စိတ်​နှင့် အစဉ်အမြဲ​ဆုတောင်း​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပထမ​ဦးဆုံး​နေ့​မှစ၍ ယခု​တိုင်အောင် ကောင်းမြတ်​သော​သတင်း​အတွက် ပူးပေါင်း​ပါဝင်​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။ ငါ​သည် ခရစ်တော်​ယေရှု​၏​ကြင်နာ​ခြင်း​ဖြင့် သင်​တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်​ကြောင်း ငါ့​အတွက်​သက်သေခံ​ပေး​သော​အရှင်​မှာ ဘုရားသခင်​ဖြစ်​တော်မူ​၏။ သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် စစ်မှန်​သော​အသိပညာ​နှင့် ထိုးထွင်းဉာဏ်​အမျိုးမျိုး​တို့​၌ ပို၍​ပို၍​ပြည့်စုံ​လာ​သဖြင့် မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။

​ဖိလိပ္ပိသြဝါဒစာ 1:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။