YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံအနာဂတ္တိကျမ်း 1:3-7

နာဟုံအနာဂတ္တိကျမ်း 1:3-7 MSBU

ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ တန်ခိုး​ကြီး​သော​ဘုရား​၊ အပြစ်​ရှိ​သူ​ကို အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လေပွေ​နှင့် မိုးသက်မုန်တိုင်း​အလယ်​တွင် ကြွမြန်း​တော်မူ​၏​။ မိုးတိမ်​တို့​သည် ခြေ​တော်​အောက်​၌ မြေမှုန့်​ကဲ့သို့​ဖြစ်​၏​။ ပင်လယ်​ကို ဆုံးမ​ပြီး ခြောက်သွေ့​စေ​တော်မူ​၏​။ ရှိသမျှ​သော​မြစ်​တို့​ကို​လည်း ခန်းခြောက်​စေ​တော်မူ​၏​။ ဗာရှန်​ပြည်​နှင့် ကရမေလ​တောင်​တို့​သည် ခြောက်သွေ့​၍ လက်ဘနွန်​တောင်​ရှိ​ပန်း​များ​လည်း ညှိုးနွမ်း​ကြ​ပါ​၏​။ တောင်​များ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်ခါ​၍ တောင်ကုန်း​များ အရည်ပျော်​ကုန်​၏​။ မြေကြီး​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​၍ ကမ္ဘာကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​သည်​လည်း တုန်လှုပ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌ ခိုလှုံ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။