YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 7:18-23

ရှင်မာကုခရစ်ဝင် 7:18-23 MSBU

ထိုအခါ ကိုယ်တော်​က“သင်​တို့​သည်​လည်း ဤမျှလောက် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ ပြင်ပ​မှ လူ့​အထဲသို့​ဝင်​သမျှ​သော​အရာ​သည် လူ​ကို​မ​ညစ်ညူး​စေ​နိုင်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အကြောင်းမူကား ထို​အရာ​သည် လူ​၏​စိတ်နှလုံး​ထဲသို့ ဝင်​သည်​မ​ဟုတ်။ ဝမ်း​ထဲသို့​ဝင်​ပြီးလျှင် ရေအိမ်​ထဲသို့​ရောက်သွား​၏”​ဟု မိန့်​တော်မူ​လျက် အစာ​အားလုံး​စင်ကြယ်​ကြောင်း​ဖော်ပြ​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“လူ့​အတွင်းမှ​ထွက်လာ​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​၏။ အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။ ဤ​ဆိုးညစ်​သော​အရာ​အားလုံး​တို့​သည် အတွင်း​မှ​ထွက်လာ​၍ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။