YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 4:37-40

ရှင်မာကုခရစ်ဝင် 4:37-40 MSBU

ထိုအခါ ပြင်းထန်​သော​လေ​မုန်တိုင်း​ကျရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်ခတ်​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်းအုံး​အုံး​လျက် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​နှိုး​လျက် “ဆရာ၊ အကျွန်ုပ်​တို့​သေ​ရ​တော့မည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည်​ထ​၍ လေ​ကို​ဆုံးမ​ကာ ပင်လယ်​အား“တိတ်ဆိတ်​ငြိမ်သက်​လော့”​ဟု မိန့်​တော်မူ​ရာ လေ​သည်​ငြိမ်​သဖြင့် အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။ ထို့နောက် ကိုယ်တော်​က“အဘယ်ကြောင့် ကြောက်​တတ်​သနည်း။ ယခု​ထိ ယုံကြည်​ခြင်း​မ​ရှိ​ကြ​သေး​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

Video for ရှင်မာကုခရစ်ဝင် 4:37-40

​ရှင်မာကုခရစ်ဝင် 4:37-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။