တစ်ဖန် ကိုယ်တော်က“ဆီမီးကို တောင်းအောက်၊ သို့မဟုတ် ခုတင်အောက်၌ထားရန် ယူလာလေ့ရှိသလော။ ဆီမီးခုံပေါ်၌ထားရန် ယူလာသည်မဟုတ်လော။ အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း မထင်ရှားလာမည့်အရာဟူ၍မရှိ။ ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်က“သင်တို့ကြားရသည့်အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်။ ထို့ပြင် သင်တို့အတွက် ထပ်၍ဖြည့်ပေးကြလိမ့်မည်။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 4:21-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ