YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 4:14-20

ရှင်မာကုခရစ်ဝင် 4:14-20 MSBU

မျိုးကြဲ​သော​သူ​သည် တရား​စကား​ကို​ကြဲ​၏။ တရား​စကား​ကို​ကြဲ​သောအခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆို​လို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သောအခါ စာတန်​သည်​ချက်ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တရား​စကား​ကို နုတ်ယူ​လေ​၏။ ကျောက်​ပေါများ​သော​နေရာ​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သောအခါ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ​၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​ကြ​၏။ အချို့​တို့​မူကား ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​ကြ​၏။ ဤ​သည်​ကား တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌ စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​၏​လှည့်ဖြား​ခြင်း​နှင့် အခြား​သော​တပ်မက်​ခြင်း​များ​ဝင်လာ​၍ တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။ ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ လက်ခံ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်မူ​၏။

Video for ရှင်မာကုခရစ်ဝင် 4:14-20