YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 4:1-12

ရှင်မာကုခရစ်ဝင် 4:1-12 MSBU

တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အကြောင်းအရာ​တို့​ကို ပုံ​ဥပမာ​တို့​ဖြင့် သူ​တို့​အား သွန်သင်​တော်မူ​၏။ ထိုသို့​သွန်သင်​ရာ​တွင် ကိုယ်တော်​က “နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန်​ထွက်သွား​လေ​၏။ ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည် လာ​၍ ၎င်း​ကို​ကောက်စား​ကြ​၏။ အချို့​မူကား မြေ​နည်း​၍ ကျောက်​ပေါများ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။ သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ အချို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​ကို ကာဆီး​ပိတ်ဆို့​ကြ​သောကြောင့် အသီး​မ​သီး​ချေ။ အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အပင်​ပေါက်​၍​ကြီးထွား​ကာ အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက်“ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​သောအခါ ကိုယ်တော်​၏​နောက်လိုက်​နောက်ပါ​တို့​နှင့် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​များ​အကြောင်း​ကို မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အပြင်​လူ​တို့​အတွက်​မူကား အရာရာ​ကို ပုံ​ဥပမာ​များ​ဖြင့်​ဖော်ပြ​ရ​၏။ ဤသည်ကား သူ​တို့​သည် မြင်​လျက်​ပင် သတိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေရန်​ဖြစ်​၏။ သို့မဟုတ်လျှင် သူ​တို့​သည် ပြောင်းလဲ​၍ ခွင့်လွှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

Video for ရှင်မာကုခရစ်ဝင် 4:1-12