YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 3:28-35

ရှင်မာကုခရစ်ဝင် 3:28-35 MSBU

သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား လူသား​တို့​သည် သူ​တို့​၏​အပြစ်​များ​နှင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သမျှ​သော စကား​အားလုံး​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​လိမ့်မည်။ သို့သော် မည်သူမဆို သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​လျှင် ထို​သူ​သည် ကာလ​အစဉ်အဆက် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​မ​ရရှိ​ဘဲ ထာဝရ​အပြစ်​သင့်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ဤသို့​မိန့်​တော်မူ​ခြင်းမှာ သူ​တို့​က “ကိုယ်တော်​ကို ညစ်ညူး​သော​နတ်​ပူး​နေ​သည်”​ဟု ပြောဆို​ကြ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ရောက်လာ​ပြီး အပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်တော်​ကို​ခေါ်​ကြ​၏။ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​ပတ်လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်တော်​အား “ကိုယ်တော်​၏​မယ်တော်၊ ညီ​တော်​နှင့် နှမ​တော်​တို့​သည် ကိုယ်တော်​ကို​ရှာ​လျက် အပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သနည်း”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် မိမိ​ပတ်လည်​၌ ဝိုင်းရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​၍“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။