YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 13:32-37

ရှင်မာကုခရစ်ဝင် 13:32-37 MSBU

သို့သော် ထို​နေ့ရက်​၊ သို့မဟုတ် ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​မှတစ်ပါး မည်သူမျှ​မ​သိ။ ကောင်းကင်​ရှိ ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။ သတိပြု​၍​နိုးနိုးကြားကြား​ရှိ​ကြ​လော့။ အကြောင်းမူကား ထို​အချိန်​သည် မည်သည့်​အခါ​၌​ကျရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။ ဤသည်ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​အိမ်​မှ​ထွက်ခွာ​ရာ​တွင် မိမိ​အစေအပါး​အသီးသီး​တို့​အား သူ​တို့​လုပ်ဆောင်​ရ​မည့်​အမှု​နှင့်တကွ အခွင့်​အာဏာ​ကို​ပေး​၍ တံခါးမှူး​ကို​လည်း သတိ​နှင့်​စောင့်​နေ​ရန် မှာကြား​သည်​နှင့်​တူ​၏။ သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။ သို့မဟုတ်လျှင် သူ​သည်​ရုတ်တရက်​ပြန်လာ​၍ သင်​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်မည်။ သတိ​နှင့်​စောင့်​နေ​ကြ​လော့​ဟု သင်​တို့​ကို ငါ​ဆို​သည့်​အတိုင်း လူ​ခပ်သိမ်း​တို့​အား ငါ​ဆို​၏”​ဟု မိန့်​တော်မူ​၏။