နောက်တစ်နေ့၌ ဗေသနိရွာမှ သူတို့ထွက်ခွာကြသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။ ထိုစဉ် အရွက်များဝေဆာနေသော သဖန်းပင်တစ်ပင်ကို အဝေးမှမြင်၍ ထိုအပင်၌ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား အပင်ရှိရာသို့ကြွတော်မူ၏။ သို့သော် ရောက်တော်မူသောအခါ သဖန်းသီးပေါ်ချိန်မဟုတ်သောကြောင့် ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှတွေ့တော်မမူချေ။ ထိုအခါ ထိုအပင်အား“သင့်ထံမှအသီးကို ယခုမှစ၍ ကာလအစဉ်အဆက် မည်သူမျှ မစားရပါစေနှင့်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းကြားကြ၏။ သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူတို့ကိုနှင်ထုတ်ကာ ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူ၏။ ထို့ပြင် ဗိမာန်တော်ကိုဖြတ်၍ ကုန်ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ ကိုယ်တော်သည် သူတို့အားသွန်သင်လျက်“ ‘ငါ့အိမ်သည် လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်မဟုတ်လော။ သို့သော် သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 11:12-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ