YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 10:5-12

ရှင်မာကုခရစ်ဝင် 10:5-12 MSBU

ယေရှု​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် သူ​သည် ဤ​ပညတ်​ချက်​ကို သင်​တို့​အတွက်​ရေး​ခဲ့​ခြင်း​ဖြစ်​၏။ သို့သော် ဖန်ဆင်း​ခြင်း​၏​အစအဦး​က​ပင် ဘုရားသခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​၏။ ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် အိမ်​ထဲ၌​ရှိ​စဉ် ဤ​အကြောင်းအရာ​ကို ကိုယ်တော်​အား ထပ်မံ​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် ထို​မိန်းမ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။ မယား​သည်​လည်း မိမိ​၏​ခင်ပွန်း​နှင့်​ကွာရှင်း​၍ အခြား​ယောက်ျား​နှင့်​ထိမ်းမြား​စုံဖက်​လျှင် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။

​ရှင်မာကုခရစ်ဝင် 10:5-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။