YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6:5-13

ရှင်မဿဲခရစ်ဝင် 6:5-13 MSBU

သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​မြင်​စေရန် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့်​လမ်းဆုံလမ်းခွ​များ​တွင် မတ်တတ်ရပ်​လျက် ဆုတောင်း​သည်​ကို နှစ်သက်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ ထို့ပြင် သင်​တို့​ဆုတောင်း​သောအခါ သာသနာပ​လူမျိုးခြား​တို့​ကဲ့သို့ တတွတ်တွတ် အချည်းနှီး​မ​ရွတ်ဆို​ကြ​နှင့်။ သူ​တို့​သည် များစွာ​သော​စကား​တို့​ကို​ရွတ်ဆို​လျှင် သူ​တို့​ကို နားထောင်​ပေး​လိမ့်မည်​ဟု ထင်မှတ်​ကြ​၏။ သို့ဖြစ်၍ သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​မ​တောင်း​မီ​က​ပင် သင်​တို့​လိုအပ်​သော​အရာ​များ​ကို သိ​နှင့်​တော်မူ​၏။ ထို့ကြောင့် ဤသို့​ဆုတောင်း​ကြ​လော့။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော အကျွန်ုပ်​တို့​အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ အလို​တော်​သည် ကောင်းကင်​ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်၌​လည်း ပြည့်စုံ​ပါစေသော။ အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို ယနေ့​ပေး​သနား​တော်မူ​ပါ။ အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​များ​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အပြစ်​ကြွေး​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မကောင်း​သော​အမှုအရာ​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​တော်မူ​ပါ။ [အကြောင်းမူကား နိုင်ငံ​တော်၊ တန်ခိုး​တော်​နှင့် ဘုန်း​အသရေ​တော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်​၌​ရှိ​ပါ​၏။ အာမင်။]

​ရှင်မဿဲခရစ်ဝင် 6:5-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။