YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6:25-26

ရှင်မဿဲခရစ်ဝင် 6:25-26 MSBU

သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ မိုး​ကောင်းကင်​ငှက်​တို့​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ၊ ရိတ်သိမ်း​ခြင်း​နှင့် ကျီ​၌​စုသိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အဖိုးထိုက်​ကြ​သည်​မ​ဟုတ်​လော။

ရှင်မဿဲခရစ်ဝင် 6:25-26 အကြောင်း ဗီဒီယိုများ

​ရှင်မဿဲခရစ်ဝင် 6:25-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။