YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6:1-8

ရှင်မဿဲခရစ်ဝင် 6:1-8 MSBU

သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။ ထို့ကြောင့် သင်​သည် ပေးကမ်း​စွန့်ကြဲ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​ရန်​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် လမ်းကြား​များ​တွင် ပြု​တတ်​ကြ​သကဲ့သို့ မိမိ​၏​ရှေ့၌​တံပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သင်​မူကား ပေးကမ်း​စွန့်ကြဲ​သောအခါ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် မထင်ရှား​မည့်​အကြောင်း သင်​၏​လက်ယာ​လက်​ပြု​သည့်​အရာ​ကို သင်​၏​လက်ဝဲ​လက်​အား​မ​သိ​စေ​နှင့်။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​မြင်​စေရန် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့်​လမ်းဆုံလမ်းခွ​များ​တွင် မတ်တတ်ရပ်​လျက် ဆုတောင်း​သည်​ကို နှစ်သက်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ ထို့ပြင် သင်​တို့​ဆုတောင်း​သောအခါ သာသနာပ​လူမျိုးခြား​တို့​ကဲ့သို့ တတွတ်တွတ် အချည်းနှီး​မ​ရွတ်ဆို​ကြ​နှင့်။ သူ​တို့​သည် များစွာ​သော​စကား​တို့​ကို​ရွတ်ဆို​လျှင် သူ​တို့​ကို နားထောင်​ပေး​လိမ့်မည်​ဟု ထင်မှတ်​ကြ​၏။ သို့ဖြစ်၍ သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​မ​တောင်း​မီ​က​ပင် သင်​တို့​လိုအပ်​သော​အရာ​များ​ကို သိ​နှင့်​တော်မူ​၏။

Video for ရှင်မဿဲခရစ်ဝင် 6:1-8

​ရှင်မဿဲခရစ်ဝင် 6:1-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။