YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6:1-4

ရှင်မဿဲခရစ်ဝင် 6:1-4 MSBU

သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။ ထို့ကြောင့် သင်​သည် ပေးကမ်း​စွန့်ကြဲ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​ရန်​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် လမ်းကြား​များ​တွင် ပြု​တတ်​ကြ​သကဲ့သို့ မိမိ​၏​ရှေ့၌​တံပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သင်​မူကား ပေးကမ်း​စွန့်ကြဲ​သောအခါ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် မထင်ရှား​မည့်​အကြောင်း သင်​၏​လက်ယာ​လက်​ပြု​သည့်​အရာ​ကို သင်​၏​လက်ဝဲ​လက်​အား​မ​သိ​စေ​နှင့်။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။

​ရှင်မဿဲခရစ်ဝင် 6:1-4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။