YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:13-16

ရှင်မဿဲခရစ်ဝင် 5:13-16 MSBU

သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။ သင်​တို့​သည် လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်၌​တည်​ရှိ​သော​မြို့​ကို ကွယ်ဝှက်​၍​မ​ရ​နိုင်။ ဆီမီး​ကို​ထွန်း​၍ တောင်း​အောက်၌​ထား​လေ့​မ​ရှိ။ ဆီမီးခုံ​ပေါ်၌​သာ ထား​ကြ​သဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ထွန်းလင်း​ပေး​၏။ ထိုနည်းတူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အကျင့်​များ​ကို​မြင်​၍ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​မည့်​အကြောင်း သင်​တို့​၏​အလင်း​ကို သူ​တို့​ရှေ့၌​ထွန်းလင်း​စေ​ကြ​လော့။

​ရှင်မဿဲခရစ်ဝင် 5:13-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။