ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်၌ ယေရှုရှိတော်မူစဉ် အလွန်တန်ဖိုးကြီးသောဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးပါသော အမျိုးသမီးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်၍ စားပွဲ၌ထိုင်နေသော ကိုယ်တော်၏ခေါင်းပေါ်၌ ထိုဆီမွှေးကို သွန်းလောင်းလေ၏။ တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။ ယေရှုသည် သိတော်မူ၍“ဤအမျိုးသမီးကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ အမှန်စင်စစ် သူသည် ငါ့အတွက် ကောင်းသောအမှုကိုပြုလေပြီ။
ရှင်မဿဲခရစ်ဝင် 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 26:6-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ