ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍ “ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။ ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။ တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“မြို့ထဲသို့သွား၍ တစ်ယောက်သောသူအား ‘ငါ၏အချိန်နီးပြီ။ ပသခါပွဲတော်ကို သင့်ထံ၌ ငါ၏တပည့်များနှင့်အတူကျင်းပမည်’ဟူ၍ ဆရာကမှာလိုက်သည်ဟု ထိုသူအား ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။ ထို့ကြောင့် တပည့်တော်တို့သည် မိမိတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီး ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။ သူတို့သည်စားလျက်နေကြစဉ် ကိုယ်တော်က“သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့အထဲမှတစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။ လူ့သားသည် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကိုအပ်နှံတော့မည့်ယုဒက “ရဗ္ဗိ၊ အကျွန်ုပ်လော”ဟု မေးလျှောက်သော် ကိုယ်တော်က“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် 26 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်မဿဲခရစ်ဝင် 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 26:14-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ