YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 25:1-13

ရှင်မဿဲခရစ်ဝင် 25:1-13 MSBU

ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။ ထို​သူ​တို့​ထဲမှ ငါး​ယောက်​သည် မိုက်မဲ​သော​သူ​ဖြစ်​ကြ​ပြီး ငါး​ယောက်​သည် ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ မိုက်မဲ​သော​သူ​တို့​သည် မိမိ​တို့​၏​မီးခွက်​ကို ယူ​သွား​ကြ​သော်လည်း မိမိ​တို့​နှင့်အတူ ဆီ​ကို​မ​ယူ​သွား​ကြ။ ပညာ​သတိ​ရှိ​သော​သူ​တို့​မူကား မိမိ​တို့​မီးခွက်​နှင့်အတူ ဆီ​ကို ဘူး​ထဲ၌​ယူ​သွား​ကြ​၏။ သတို့သား​သည် ကြန့်ကြာ​နေ​သောကြောင့် သူ​တို့​အားလုံး​သည် ငိုက်မျဉ်း​၍ အိပ်ပျော်​ကြ​၏။ ည​သန်းခေါင်​၌ ‘ကြည့်ရှု​လော့။ သတို့သား​ရောက်လာ​ပြီ။ သူ့​ကို​ကြိုဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူသော​အော်ဟစ်​သံ​ထွက်ပေါ်​လာ​ရာ အပျို​ကညာ​အားလုံး​တို့​သည် ထ​၍ မိမိ​တို့​၏​မီးခွက်​များ​ကို ပြင်ဆင်​ကြ​၏။ ထိုအခါ မိုက်မဲ​သော​သူ​တို့​က ‘ငါ​တို့​မီးခွက်​များ​မီး​ငြိမ်း​တော့မည်​ဖြစ်၍ သင်​တို့​၏​ဆီ​အချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပညာ​သတိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။ သို့သော် ပညာ​သတိ​ရှိ​သော​သူ​တို့​က ‘ထိုသို့ပြုလျှင် သင်​တို့​နှင့်​ငါ​တို့​အတွက် လုံလောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံသို့​သာ​သွား​၍ မိမိ​တို့​အတွက် ဝယ်ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။ သူ​တို့​သွား​၍ ဝယ်​နေ​ကြ​စဉ် သတို့သား​ရောက်လာ​သဖြင့် အသင့်​ရှိ​နေ​သော​သူ​တို့​သည် သတို့သား​နှင့်အတူ မင်္ဂလာဆောင်​ပွဲ​သို့​ဝင်​ကြ​၏။ ထိုအခါ တံခါး​ကို​ပိတ်​ကြ​၏။ ထို့နောက် အခြား​သော​အပျို​ကညာ​တို့​သည်​လည်း ရောက်လာ​၍ ‘အရှင်၊ အရှင်၊ ကျွန်မ​တို့​အား တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​၏။ သို့သော် သတို့သား​က ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​ကို ငါ​မ​သိ’​ဟု ပြန်ပြော​လေ​၏။ သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ အကြောင်းမူကား ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​ကို သင်​တို့​မ​သိ​ကြ။

Video for ရှင်မဿဲခရစ်ဝင် 25:1-13

​ရှင်မဿဲခရစ်ဝင် 25:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။