YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 15:1-9

ရှင်မဿဲခရစ်ဝင် 15:1-9 MSBU

ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က“သင်​တို့​သည်​လည်း မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်​တော်​ကို အဘယ်ကြောင့်​ချိုးဖောက်​ကြ​သနည်း။ အကြောင်းမူကား ဘုရားသခင်​က ‘မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့။ မိခင်​၊ သို့မဟုတ် ဖခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’ဟု မိန့်​တော်မူ​ခဲ့​၏။ သို့သော် သင်​တို့​က ‘မည်သူမဆို မိခင်​၊ သို့မဟုတ် ဖခင်​အား အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင် ထို​သူ​သည် မိမိ​၏​ဖခင်​ကို​ဂုဏ်ပြု​စရာ​မ​လို​ပေ’​ဟု ပြောဆို​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို အချည်းနှီး​ကိုးကွယ်​ကြ​၏’ဟူ၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။