YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13:24-30

ရှင်မဿဲခရစ်ဝင် 13:24-30 MSBU

ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။ သို့သော် လူ​တို့​အိပ်ပျော်​နေ​ကြ​စဉ် သူ​၏​ရန်သူ​သည်​လာ​၍ ဂျုံ​မျိုးစေ့​ကြား​တွင် မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​ပြီး ထွက်သွား​လေ​၏။ အပင်​ပေါက်​၍ အနှံ​ထွက်လာ​သောအခါ မြက်သီး​ပင်​များ​လည်း ထင်ရှား​လာ​ကြ​၏။ ထိုအခါ စိုက်ခင်း​ပိုင်ရှင်​၏​အစေအပါး​တို့​သည်​လာ​၍ ‘သခင်၊ သခင်​၏​စိုက်ခင်း​၌ ကောင်း​သော​မျိုးစေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် မြက်သီး​ပင်​များ​သည် အဘယ်က​ပေါက်လာ​သနည်း’​ဟု မေးမြန်း​ကြ​၏။ စိုက်ခင်း​ပိုင်ရှင်​က​လည်း ‘ဤသည်ကား ရန်သူ​၏​လုပ်ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထိုအခါ အစေအပါး​တို့​က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်​တို့​သွား​၍ မြက်သီး​ပင်​တို့​ကို နုတ်ယူ​ရ​မည်လော’​ဟု မေးလျှောက်​ကြ​၏။ သို့သော် စိုက်ခင်း​ပိုင်ရှင်​က ‘ထိုသို့​မ​ပြု​နှင့်။ မြက်သီး​ပင်​များ​ကို​နုတ်ယူ​စဉ် ဂျုံ​ပင်​ကို​ရောနှော​၍ အမြစ်​ပါ​မကျန်​ဆွဲနုတ်​မိ​မည်​ကို စိုးရိမ်​ရ​၏။ ရိတ်သိမ်း​ချိန်​တိုင်အောင် နှစ်မျိုးစလုံး​အတူ ကြီးထွား​ကြ​ပါစေ။ ရိတ်သိမ်း​ချိန်​၌ ရိတ်သိမ်း​သော​သူ​တို့​အား “မြက်သီး​ပင်​များ​ကို ဦးစွာ​နုတ်ယူ​၍ ၎င်း​တို့​ကို​မီးရှို့​ရန် အစည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူကား ငါ​၏​ကျီ​ထဲ၌ စုသိမ်း​ထား​ကြ​လော့”​ဟု ငါ​ပြော​မည်’ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။

​ရှင်မဿဲခရစ်ဝင် 13:24-30 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။