YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 10:5-8

ရှင်မဿဲခရစ်ဝင် 10:5-8 MSBU

ယေရှု​သည် ဤ​တစ်ဆယ့်နှစ်​ပါး​တို့​ကို​စေလွှတ်​၍ မိန့်မှာ​တော်မူ​သည်​ကား“လူမျိုးခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှမာရိ​နယ်သား​တို့​၏​မြို့​ထဲသို့​လည်း မ​ဝင်​ကြ​နှင့်။ အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော သိုး​များ​ထံသို့​သာ သွား​ကြ​လော့။ သင်​တို့​သွား​ကြ​သောအခါ ‘ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ’​ဟု ဟောပြော​ကြ​လော့။ နာမကျန်း​ဖြစ်​သူ​တို့​ကို ကျန်းမာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထမြောက်​စေ​ကြ​လော့။ အနာကြီး​ရောဂါသည်​တို့​ကို စင်ကြယ်​စေ​ကြ​လော့။ နတ်ဆိုး​များ​ကို နှင်ထုတ်​ကြ​လော့။ သင်​တို့​သည် အခမဲ့​ရရှိ​ကြ​သည့်​အလျောက် အခမဲ့​ပေး​ကြ​လော့။