YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 7:17-23

ရှင်လုကာခရစ်ဝင် 7:17-23 MSBU

ကိုယ်တော်​၏​သတင်း​သည်​လည်း ယုဒ​နယ်​တစ်လျှောက်လုံး​နှင့် ပတ်ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ယောဟန်​၏​တပည့်​များ​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ယောဟန်​အား ပြောပြ​ကြ​၏။ ထိုအခါ ယောဟန်​သည် မိမိ​တပည့်​နှစ်​ဦး​ကို​ခေါ်​၍ သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။ သူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထံသို့​စေလွှတ်​၍ ‘ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော’​ဟု မေးလျှောက်​စေ​ပါ​သည်”​ဟူ၍ လျှောက်ထား​ကြ​၏။ ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။ ကိုယ်တော်​က​လည်း ယောဟန်​၏​တပည့်​တို့​အား“သင်​တို့​မြင်​ရ၊ ကြား​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို​ကြား​ရ​ကြ​၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။