YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်းစကား 5

5
အသစ်ပြန်ပြုပြင်ပေးတော်မူပါရန် ဆုတောင်းခြင်း
1အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့ မည်သို့​ဖြစ်​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​တို့ ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။
2အကျွန်ုပ်​တို့ အမွေမြေ​သည် သူစိမ်း​လက်​သို့ ရောက်​လေ​ပြီ​။ အကျွန်ုပ်​တို့ နေအိမ်​များ​သည် တစ်ပါးအမျိုးသား​တို့​လက်​သို့ ရောက်​လေ​ပြီ​။
3အကျွန်ုပ်​တို့​သည် ဖခင်​မ​ရှိ​သော ဖတဆိုး​များ​ဖြစ်​ကြ​ပြီ​။ မိခင်​သည်​လည်း မုဆိုးမ ဖြစ်​ရ​လေ​ပြီ​။
4အကျွန်ုပ်​တို့​သောက်​သော​ရေ​သည် ငွေ​ဖြင့် ဝယ်​ရ​ပါ​၏​။ ထင်း​သည်​လည်း အဖိုးအခ​ပေး​ရ​ပါ​၏​။
5အကျွန်ုပ်​တို့​ကို လိုက်​သော​သူ​တို့​သည် အကျွန်ုပ်​တို့ လည်ကုတ်​ပေါ် တက်စီး​ကြ​ပါ​၏​။ အကျွန်ုပ်​တို့ မ​နား​ရ​သောကြောင့် ပင်ပန်း​လှ​ပါ​၏​။
6အစာရေစာ​အလုံအလောက်​ရရှိ​ဖို့​ရန် အီဂျစ်​ပြည်​၊ အဆီးရီးယား​ပြည်​တို့​ထံ ခယတောင်းဆို​ရ​ပါ​ပြီ​။
7အကျွန်ုပ်​တို့​ဘိုးဘေး​တို့​သည် အပြစ်ပြု​ပြီး သေဆုံး​သွား​ကြ​ပြီ​။ သူ​တို့​၏​အပြစ်ဝန်​ကို အကျွန်ုပ်​တို့ ထမ်း​ရ​ကြ​ပါ​ပြီ​။
8ကျွန်​တို့​သည် အကျွန်ုပ်​တို့​ကို အုပ်စိုး​ကြ​ပါ​၏​။ သူ​တို့​လက်​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​မည့်​သူ​မ​ရှိ​ပါ​။
9တောကန္တာရ​ထဲ၌​ရှိ​သော ဓားဘေး​ကြောင့် အကျွန်ုပ်​တို့​သည် အသက်​ကို​ရင်း​ပြီးမှ အစာ​ကို ရ​ပါ​၏​။
10ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေးဒဏ်​ကြောင့် အကျွန်ုပ်​တို့ အရေပြား​သည် မီးဖို​မှ​မီး​ကဲ့သို့ ပူလောင်​နေ​ပါ​၏​။
11သူ​တို့​သည် ဇိအုန်​မြို့သူ​များ​၊ ယုဒ​မြို့ရွာ​တို့​မှ အပျိုကညာ​တို့​ကို အဓမ္မပြု​ကြ​ပါ​ပြီ​။
12မိမိ​တို့​လက်​ဖြင့် အကြီးအကဲ​တို့​ကို ချိတ်ဆွဲ​ထား​ကြ​ပါ​၏​။ သက်ကြီးဝါကြီး​တို့​ကို​လည်း မ​လေးစား​ကြ​ပါ​။
13လူပျို​တို့​သည် ကြိတ်ဆုံကျောက်​ကို ထမ်း​ရ​ကြ​ပြီ​။ သူငယ်​တို့​သည် ထင်းပုံကြီး​ကို မနိုင်မနင်း​ထမ်း​ရ​ကြ​ပြီ​။
14မြို့​တံခါး​တို့​၌ သက်ကြီးဝါကြီး​တို့ မ​ရှိ​ကြ​တော့​ပြီ​။ လူပျို​တို့​၏​တီးမှုတ်သံ​လည်း ဆိတ်သုဉ်း​သွား​ပြီ​။
15အကျွန်ုပ်​တို့​သည် စိတ်နှလုံး​ဝမ်းမြောက်ပျော်ရွှင်​ခြင်း ကင်း​လေ​ပြီ​။ ကခုန်​ခြင်း​အစား ငိုကြွေးမြည်တမ်း​ရ​လေ​ပြီ​။
16အကျွန်ုပ်​တို့​ခေါင်း​ပေါ်မှ သရဖူ​သည် ပြုတ်ကျ​လေ​ပြီ​။ အကျွန်ုပ်​တို့​ပြု​မိ​သော​အပြစ်​ကြောင့် ယခုမှာ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။
17ထို​အမှု​ကြောင့် အကျွန်ုပ်​တို့​၏​စိတ်နှလုံး​သည် ညှိုးငယ်​လေ​ပြီ​။ ထို​အမှု​များ​ကြောင့် အကျွန်ုပ်​တို့​၏​မျက်စိ​သည် မှုန်ဝါး​လေ​ပြီ​။
18ဇိအုန်​တောင်​ပေါ်၌ လူသူကင်းမဲ့​သောကြောင့် တောခွေး​တို့ သွားလာ​နေ​ကြ​ပါ​၏​။
19အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ထာဝရ​စိုးစံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​ပလ္လင်​တော်​သည် မျိုးဆက်အဆက်ဆက် တည်​ပါ​၏​။
20အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​မေ့လျော့​တော်မူ​ပါ​သနည်း​။ အဘယ်ကြောင့် အချိန်​ကြာမြင့်​စွာ စွန့်ပစ်​တော်မူ​ပါ​သနည်း​။
21အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကိုယ်တော့်​ထံသို့ ပြန်လာ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​ပြန်လာ​ကြ​ပါ​မည်​။ ရှေးကာလ​က​ကဲ့သို့ အကျွန်ုပ်​တို့​၏​နေ့ရက်​များ​ကို အသစ်​ဖြစ်​စေ​တော်မူ​ပါ​။
22သို့မဟုတ် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အမှန်ပင်​စွန့်ပစ်​တော်မူ​မည်လော​။ ကျွန်ုပ်​တို့​ကို အမျက်​ပြင်းစွာ​ထွက်​တော်မူ​မည်လော​။

လက်ရှိရွေးချယ်ထားမှု

ယေရမိမြည်တမ်းစကား 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ