YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 23

23
ယောရှုနောက်ဆုံးစကား
1ထို့နောက် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အား ပတ်ဝန်းကျင်​ရှိ ရန်သူ​အပေါင်း​တို့​၏​ဘေး​မှ ကာလ​အတန်ကြာ ကင်းငြိမ်း​စေ​တော်မူ​၏​။ ယောရှု​သည်​လည်း အသက်အရွယ်​ကြီးရင့်​လာ​၏​။ 2ထိုအခါ ယောရှု​က အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ သက်ကြီးဝါကြီး​များ​၊ အကြီးအမှူး​များ​၊ တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို​ခေါ်​ပြီးလျှင် “​ငါ​သည် အသက်အရွယ်​ကြီးရင့်​ပြီ​။ 3သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် ဤ​လူမျိုးခြား​အပေါင်း​တို့​အား မည်သို့​ပြု​တော်မူ​ခဲ့​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ သင်​တို့​အတွက် စစ်တိုက်​ပေး​တော်မူ​သော​အရှင်​ကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေတည်း​။ 4ကြည့်​ပါ​။ ဂျော်ဒန်​မြစ်​မှစ၍ အနောက်ဘက် မြေထဲပင်လယ်​တိုင်အောင် ငါ​သုတ်သင်​ဖယ်ရှား​ခဲ့​သော​လူမျိုး​အပါအဝင် ကျန်နေ​သေး​သော​လူမျိုး​တို့​၏​ပြည်​ကို သင်​တို့​၏​အမျိုးအနွယ်​များ​အား အမွေ​အဖြစ် ငါ​မဲချ​ခွဲဝေ​ပေး​ခဲ့​ပြီ​။ 5သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​မည်​။ သင်​တို့​၏​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ထို​လူမျိုး​တို့​၏​ပြည်​ကို အပိုင်ရ​လိမ့်မည်​။
6မောရှေ​၏​ပညတ္တိကျမ်း​၌ ရေးထား​သော​ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​ရန် အားထုတ်​လော့​။ လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​သို့ လွှဲ​မ​သွား​နှင့်​။ 7သင်​တို့​တွင် ကျန်နေ​သေး​သော​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ခြင်း​မ​ပြု​နှင့်​၊ သူ​တို့​ဘုရား​များ​၏​နာမ​ကို​မ​တ​နှင့်​၊ မ​တိုင်တည်​နှင့်​။ ထို​ဘုရား​တို့​ကို​ဝတ်​မ​ပြု​နှင့်​၊ ရှိခိုးကိုးကွယ်​ခြင်း​မ​ပြု​နှင့်​။ 8ယနေ့​တိုင်အောင် သင်​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​တစ်ပါးတည်း​ကို​သာ ဆည်းကပ်​ရ​မည်​။
9ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​တို့​ကို ထာဝရဘုရား​သည် သင်​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​သည်​ဖြစ်၍ ယနေ့​တိုင်အောင် သင်​တို့​ရှေ့​၌ မည်သူမျှ​မ​ရပ်တည်​နိုင်​။ 10သင်​တို့​ကို ကတိပြု​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အဖို့​စစ်တိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​တွင်​တစ်​ယောက်​သည် အယောက်​တစ်ထောင်​ကို​လိုက်​လိမ့်မည်​။ 11သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ကြ​ရ​မည့်​အကြောင်း ကိုယ့်ကိုယ်ကိုယ်​အထူး​သတိပြု​ကြ​လော့​။ 12အကယ်၍ သင်​တို့​သည် လမ်းလွဲ​၍ သင်​တို့​တွင် ကြွင်းကျန်​နေ​သေး​သော​လူမျိုး​တို့​နှင့်​မိတ်ဖွဲ့​ပြီး သူ​တို့​နှင့်​စုံဖက်​၍ ထွေးရောယှက်တင်​နေ​လျှင် 13သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ ထပ်၍​နှင်ထုတ်​ပေး​တော့​မည်​မ​ဟုတ်​ကြောင်း ဧကန်​သိမှတ်​ကြ​လော့​။ သင်​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​ပေါ်​၌ သင်​တို့​ပျက်စီး​သွား​သည်​အထိ ထို​လူမျိုး​တို့​သည် သင်​တို့​အဖို့ ကျော့ကွင်း​၊ ထောင်ချောက်​၊ သင်​တို့​၏​ကျောကုန်း​ပေါ်၌ နှင်တံ​၊ မျက်စိ​ထဲ၌ ဆူး ဖြစ်​လိမ့်မည်​။
14မြေကြီးသား​တို့​သွား​ရာ​လမ်း​အတိုင်း ယနေ့ ငါ​လည်း သွား​ရ​တော့​မည်​။ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​ကောင်းကျိုးချမ်းသာ​ဆိုင်ရာ​ကတိ​တော်​ဟူသမျှ တစ်စုံတစ်ခု​မျှ​မ​ပျက်​၊ အလုံးစုံ​ပြည့်စုံ​လာ​ကြောင်း​ကို သင်​တို့​၏​စိတ်နှလုံး​၊ စိတ်ဝိညာဉ်​ထဲမှ အကြွင်းမဲ့​သိ​ကြ​၏​။ သင်​တို့​အဖို့ ထို​ကတိ​တော်​တို့​သည် တစ်စုံတစ်ခု​မျှ​မ​ပျက်​၊ အလုံးစုံ​ပြည့်စုံ​လာ​၏​။ 15သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော ကောင်းကျိုးဆိုင်ရာ​ကတိ​တော်​ဟူသမျှ​ကို သင်​တို့​အပေါ်​သက်ရောက်​စေ​မည်​ဖြစ်​သကဲ့သို့ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​မှ သုတ်သင်​မ​ခံရ​မ​ချင်း ထာဝရဘုရား​သည် ဘေးအန္တရာယ်​ရှိသမျှ​တို့​ကို သင်​တို့​အပေါ်​သို့​သက်ရောက်​စေ​တော်မူ​လိမ့်မည်​။ 16သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​၍ အခြား​ဘုရား​များ​အား သွားရောက်​ဝတ်ပြု​ကိုးကွယ်​လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​တော်မူ​သဖြင့် သင်​တို့​သည် ကိုယ်တော်​ပေး​တော်မူ​သည့်​သာယာဝပြော​သော​ပြည်​တွင် အလျင်အမြန်​ပျက်စီး​သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ