YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလအနာဂတ္တိကျမ်း 2:28-32

ယောလအနာဂတ္တိကျမ်း 2:28-32 MSBU

ထို့နောက်မှ လူ​အပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ သင်​တို့​၏​သား​သမီး​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​သည် အိပ်မက်​ကို မြင်​ရ​လိမ့်မည်​။ လူပျို​တို့​သည်​လည်း စိတ်အာရုံ​ကို မြင်​ရ​ကြ​လိမ့်မည်​။ ထို​ကာလ​တွင် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​အပေါ်​သို့​ပင်လျှင် ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​ပြ​ဦး​မည်​။ သွေး​၊ မီး​နှင့် မီးခိုး​တိုင်​တို့ ဖြစ်ပေါ်​မည်​။ ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။

​ယောလအနာဂတ္တိကျမ်း 2:28-32 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။