YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 9:35-41

ရှင်ယောဟန်ခရစ်ဝင် 9:35-41 MSBU

ဂျူး​လူမျိုး​တို့​သည် သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြောင်း ယေရှု​ကြား​တော်မူ​၍ သူ့​ကို​တွေ့ရှိ​လျှင်“သင်​သည် လူ့သား​ကို​ယုံကြည်​သလော”​ဟု မေး​တော်မူ​၏။ သူ​က​လည်း “သခင်​ဘုရား၊ သူ့​ကို​ယုံကြည်​နိုင်​ရန် ထို​သူ​မည်သူ​ဖြစ်​သည်​ကို သိ​လို​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“သင်​သည် သူ့​ကို​မြင်​ပြီး​သည်​သာမက ယခု​သင်​နှင့်​စကား​ပြော​နေ​သော​သူ​သည် လူ့သား​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို​သူ​က​လည်း “အကျွန်ုပ်​ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​လေ​၏။ ထိုအခါ ယေရှု​က“ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်စိကွယ်​စေရန်​ဟူသော တရား​စီရင်​ခြင်း​အတွက် ဤ​လောက​သို့​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​နှင့်အတူ​ရှိ​နေ​သော ဖာရိရှဲ​အချို့​တို့​သည် ထို​စကား​ကို​ကြား​လျှင် “အကျွန်ုပ်​တို့​သည်​လည်း မျက်မမြင်​များ​ဖြစ်​ကြ​သလော”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် မျက်မမြင်​များ​ဖြစ်​ခဲ့​ကြ​လျှင် သင်​တို့​၌​အပြစ်​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့ရာတွင် ‘ငါ​တို့​မြင်​သည်’​ဟု သင်​တို့​ယခု​ဆို​နေ​ကြ​သဖြင့် သင်​တို့​၏​အပြစ်​သည် တည်မြဲ​တည်​၏။

ရှင်ယောဟန်ခရစ်ဝင် 9:35-41 အကြောင်း ဗီဒီယိုများ

​ရှင်ယောဟန်ခရစ်ဝင် 9:35-41 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။