YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 21:15-19

ရှင်ယောဟန်ခရစ်ဝင် 21:15-19 MSBU

ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား“ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော”​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့”​ဟု မိန့်​တော်မူ​၏။ တစ်ဖန်“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်​သလော”​ဟု ဒုတိယ​အကြိမ်​မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုး​တို့​ကို အုပ်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။ တတိယ​အကြိမ်​၌ ကိုယ်တော်​က“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​က တတိယ​အကြိမ်​၌“သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​သောကြောင့် ပေတရု​သည် စိတ်မကောင်း​ဖြစ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​၏​သိုး​တို့​ကို ကျွေးမွေး​လော့။ သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​သည် ငယ်ရွယ်​စဉ်​အခါ​၌ ကိုယ်ကိုယ်တိုင်​ခါးပန်း​စည်း​၍ ကိုယ်​အလိုရှိ​ရာ​အရပ်​သို့ သွားလာ​လေ့​ရှိ​၏။ အိုမင်း​သောအခါ​၌​မူကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူတစ်ပါး​သည် သင့်​ခါး​ကို ခါးပန်း​စည်း​ကာ သင်​အလို​မ​ရှိ​ရာ​အရပ်​သို့ ခေါ်ဆောင်​သွား​မည်”​ဟု မိန့်​တော်မူ​၏။ ဤ​သို့​မိန့်​တော်မူ​ခြင်းမှာ ပေတရု​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ဤ​အရာ​ကို​မိန့်​တော်မူ​ပြီးနောက်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု ပေတရု​အား မိန့်​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် 21:15-19 အကြောင်း ဗီဒီယိုများ