YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 12:12-19

ရှင်ယောဟန်ခရစ်ဝင် 12:12-19 MSBU

နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့် စွန်ပလွံ​ခက်​များ​ကို​ကိုင်ဆောင်​လျက် ကိုယ်တော်​ကို​ကြိုဆို​ရန် ထွက်သွား​ကြ​၍ “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်၊ အစ္စရေး​ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ယေရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်မူ​၏။ ဤသည်ကား “ဇိအုန်​သမီး၊ မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်း​ကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏”​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ဤ​အရာ​များ​ကို တပည့်​တော်​တို့​သည် အစ​က နား​မ​လည်​ခဲ့​ကြ။ သို့သော် ယေရှု​ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​တော်မူ​သောအခါ​မှသာ ဤ​အရာ​များ​သည် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်တော်​အပေါ် ထို​အတိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်လည်​သတိရ​ကြ​၏။ ယေရှု​သည် လာဇရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​စဉ်​က ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သော လူထု​ပရိသတ်​တို့​သည် ထို​အကြောင်း​ကို သက်သေခံ​ကြ​၏။ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​ခြင်း​မှာ ဤသို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​လည်း​ဖြစ်​၏။ ထို့ကြောင့် ဖာရိရှဲ​တို့​က “တွေ့​သလော။ သင်​တို့​လုပ်ရပ်​တစ်ခုမျှ​အကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်ကမ္ဘာလုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

ရှင်ယောဟန်ခရစ်ဝင် 12:12-19 အကြောင်း ဗီဒီယိုများ