YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 49:12-18

ယေရမိအနာဂတ္တိကျမ်း 49:12-18 MSBU

ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ခွက်ဖလား​ကို​သောက်စရာ​မ​လို​သော​သူ​တို့​ပင် သောက်​ရ​သည်​ဆို​လျှင် သင်​သည်​လည်း အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်​မည်လော​။ သင်​သည် အပြစ်ဒဏ်​နှင့်​မ​လွတ်​။ မလွဲမသွေ​သောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​ဗောဇရ​ပြည်​သည် ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ​၊ လူသူကင်းမဲ့​ရာ​၊ ကျိန်ဆဲစရာ ဖြစ်​ရ​လိမ့်မည်​။ ထို​ပြည်​ထဲရှိ​မြို့​များ​သည် ပြိုပျက်​ရာ​အစဉ်​ဖြစ်​ရ​မည်​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံ သံတမန်​ကို​စေလွှတ်​၍ “​သင်​တို့​စုဝေး​ကြ​၊ ချီတက်​ကြ​၊ ဧဒုံ​ပြည်​ကို စစ်တိုက်​ကြ​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​ကြား​ရ​ပြီ​။ ထာဝရဘုရား​က “​ငါ​သည် သင့်​ကို လူမျိုးခြား​တို့​တွင် သေးသိမ်​သော​သူ​၊ လူ​တို့​တွင် အထင်သေး​ခံရ​သော​သူ ဖြစ်​စေ​မည်​။ အို ကျောက်ဆောင်​ကြား​များ​၌​နေထိုင်​သူ​၊ ကုန်း​မြင့်​၌​နေရာယူသူ​၊ သင့်​ကို ကြောက်ရွံ့​ကြ​သောကြောင့် သင့်​မာန​သည် သင့်​ကို​လှည့်စား​လေ​ပြီ​။ သင်​သည် လင်းယုန်​ကဲ့သို့ အမြင့်​၌ အသိုက်​ကို​ဆောက်​သော်လည်း ထို​နေရာ​မှ သင့်​ကို ငါ​ဆွဲချ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။ ဤ​ပြည်​ခံရ​သော​ဘေးဒဏ်​များ​ကြောင့် ဤ​ပြည်​နား ဖြတ်သန်းသွား​သော​သူ​တိုင်း အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။ သောဒုံ​မြို့​၊ ဂေါမောရ​မြို့​မှစ၍ အိမ်နီးချင်း​မြို့​တို့​ဖျက်ဆီး​ခံရ​သကဲ့သို့ ပျက်စီး​မည်​။ မည်သူ​မျှ ထို​ပြည်​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။