YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 47

47
ဖိလိတ္တိလူမျိုးတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1ဂါဇ​မြို့​ကို ဖာရော​မင်းကြီး မ​တိုက်ခိုက်​မီ ဖိလိတ္တိ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​၏​။ 2ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ရေ​သည် မြောက်အရပ်​မှ​တက်လာ​၍ မြစ်ရေ​လျှံ​သကဲ့သို့ လျှံတက်​လိမ့်မည်​။ ထို​ရေ​သည် ပြည်​နှင့်​ထို​ပြည်​၌​ရှိသမျှ​၊ မြို့​နှင့်​မြို့သား​ရှိသမျှ​တို့​ကို လွှမ်းမိုး​လိမ့်မည်​။ လူ​တို့ အော်ဟစ်​ကြ​လိမ့်မည်​။ ပြည်သူပြည်သား​တို့ ညည်းတွားငိုကြွေး​ကြ​လိမ့်မည်​။ 3မြင်းခွာသံ​တခွပ်ခွပ်​၊ စစ်ရထား​သံ​တဂျုန်းဂျုန်း​၊ ဘီးလိမ့်​သံ​တဒုန်းဒုန်း​ကြောင့် ဖခင်​တို့​သည် လက်မှိုင်ချ​၍ သူ​တို့​၏​ကလေး​များ​ကို​ပင် လှည့်​မ​ကြည့်​နိုင်​ကြ​။ 4ဖိလိတ္တိ​လူမျိုး​အားလုံး​ကို ဖျက်ဆီး​မည့်​နေ့​၊ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​ကို စစ်ကူပေး​သော​ကြွင်းကျန်သူ​ရှိသမျှ​တို့​ကို ပယ်ဖျက်​မည့်​နေ့ ရောက်လာ​ပြီ​။ ထာဝရဘုရား​သည် ကတ္တောရ​ကျွန်း​ရှိ ကြွင်းကျန်​သော​ဖိလိတ္တိ​လူမျိုး​တို့​ကို ဖျက်ဆီး​မည်​။ 5ဂါဇ​မြို့​သည် ခေါင်းတုံး​ဖြစ်​လေ​ပြီ​။ အာရှကေလုန်​မြို့​သည် ဆိတ်ညံ​လေ​ပြီ​။ အို ချိုင့်ဝှမ်း​၌ ကြွင်းကျန်​သော​သူ​တို့​၊ မည်သည့်​အချိန်​အထိ ကိုယ့်​အသား​ကို ကိုယ်​မွှမ်း​ကြ​မည်နည်း​။ 6အို ထာဝရဘုရား​၏​ဓား​တော်​၊ မည်မျှ​ကြာ​အောင်​အငြိမ်​မ​နေ​ဘဲ တိုက်ခိုက်​နေ​ဦး​မည်နည်း​။ ဓားအိမ်​သို့​ပြန်ဝင်​ပါ​တော့​။ ရပ်​ပါ​တော့​။ ငြိမ်ငြိမ်​နေ​ပါ​တော့​။ 7ထာဝရဘုရား​သည် ဓား​ကို​အမိန့်ပေး​ထား​သည်​ဖြစ်၍ ဓား​က မည်သို့​ငြိမ်ငြိမ်​နေ​နိုင်​မည်နည်း​။ အာရှကေလုန်​မြို့​နှင့် ပင်လယ်​ကမ်းခြေဒေသ​တို့​ကို တိုက်ခိုက်​ရန် ဓား​ကို​အမိန့်ပေး​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 47: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ